မြန်မာနာမည်တွေကို အဂ်လိပ်လိုရေးနည်း
မြန်မာနာမည်တွေကို အဂ်လိပ်လိုရေ
းရာမှာ
အခက်ခဲရှိနေတယ်ပေါ့ မပူနဲ့တော့
အခြေခံအမည်ရေးနည်း မြန်မာဗျည်း(၃၂)လုံး
အဂ်လိပ်စာ လမ်းပေါ်လျှောက်နေသူတိုင်း သိထားသင့်တဲ့ အခြေခံနာမည်ရေးနည်းများ
How to Write Myanmar Names in English
က = K ခ = Kh K = ခ ဂ,ဃ = G င = Ng
စ,ဆ = S ဇ,စ် = Z ည = Ny ဋ,တ = T ထ,ဌ = Ht ထ,ဋ္ဌ = T ဒ,ဓ,ဍ, ဎ = D န,ဏ = N
ပ = P ဖ = Ph ဗ,ဘ = B မ = M ယ = Y ရ = R လ,ဠ = L ၀ = W သ = Th ဟ = H
#ဗျည်းတွဲ(၆)မျိုး
၁။ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky = ကျ ,ကြ Py = ပျ ,ပြ By = ဗျ ,ဗြ
Gy = ဂျ Phy = ဖျ ,ဖြ Myv = မျ ,မြ
၂။ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် “၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ
Zw=ဇှ Lw=လှ Ngw=ငှ Dw=ဒှ
၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ
၄။ဗျည်းတစ်လုံးနောက်မှ Y,W ဆက်ပေးလျှင် “ ယပင့် ၀ဆွဲ” “ရရစ် ၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kyw = ကျွ,ကြွ Pyw = ပျွ,ပြွ Myw = မျွ ,မြွ
၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။ ။ Hmy = မျှ , မြှ Hly = လျှ
၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W ဆက်ပေးလျှင် “ဟထိုး၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Hnw = နွှ Hlw = လွှ Hmw = မွှ
#ကာရန်သရများ
a = အ , အာ, အား i = အိ, အီ , အီး u = ဥ, ဦ, ဦး
(ar= အာ, အား) (ee= အီ, အီး) (oo= ဦ ,ဦး)
e = အေ ,အေ့ , အေး e = အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့ , အေး) (ai = အဲ , အဲ့ , အယ်)
aw =အော့ ,အော် , အော an =အံ , အံ့
#အက္ခရာအသတ်များ
et = က် in = င့် int = င့် it = စ် i , ee = ည် ai (e) = ယ် at = တ်,ပ် ant = န် , မ့် an = န် , မ်
#သရနှင့်အသတ်များ
eik = -ိ တ် -ိပ် (လုံးတင်တသတ် လုံးတင်ပသတ်)
ein = -ိန် -ိမ် ( လုံးတင်နသတ် လုံးတင်မသတ်)
ok(oke)= - ုတ် , - ုပ် (ချောင်းငင်တသတ် ,ချောင်းငင်ပသတ်)
ont(one , ohn = -ုန် , -ုမ် (ချောင်းငင်နသတ်, ချောင်းငင်မသတ်)
auk = ေ-ါက်(သဝေထိုးရေးချကသတ်)
aung = ေ-ါင် (သဝေထိုးရေးချငသတ်)
aik = - ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine , (ine) = - ိုင် (လုံးတင်ချောင်းငင်ငသတ်)
o , ( oe , oh = - ို (လုံးတင်ချောင်းငင်)
#ဗျည်း_ဗျည်းတွဲနှင့်သရပေါင်းပုံနမူနာ
Ka = က ကာ ကား Ki = ကိ ကီ ကီး Ku = ကု ကူ ကူး Ke = ကေ ကေ့ ကေး Ke = Kai ကဲ ကဲ့ Kaw = ကော့ ကော် ကော
Kan = ကံ ကံ့ (Kant = ကံ့ ) Kya = ကျ ကျာ ကျား Kyi = ကျိ ကျီ ကျီး
Kyu = ကျု ကျူ ကျူး Kye = ကျေ့ ကျေ ကျေး Kye,(Kyai) = ကျဲ ကျဲ့
Kyaw = ကျော ကျော့ ကျော် Kyan = ကျံ ကျံ့ (Kyant =ကျံ့) Kwa = ကွ ကွာ ကွား
Kwai = ကွိ ကွီ ကွီး Kwe = ကွေ့ ကွေ ကွေး Kwe ,( Kwai ) = ကွဲ , ကွဲ့
Kun = ကွံ , ကွံ့ (Kwan ဟုမရေးရ)
#ဗျည်းနှင့်အသတ်ပေါင်းပုံနမူနာ
Ket = ကတ် Kin = ကင့် ကင် ကင်း ( Kint = ကင့် ) Kit = ကစ်
Ki (Kee) = ကည် ကည့် ကည်း Kat = ကတ် ကပ် Kan =ကန့် ကန် ကန်း , ကမ့် ကမ် ကမ်း
(Kant = ကန့် ကမ် ) Kai,(Ke) = ကယ် ကယ့် Kyet = ကြက် Kyin = ကြင် ကြင့် ကြင်း
(Kyint) = ကြင့် Kyit =ကြစ်
Kyi , (Kyee) = ကြည့် ကြည် ကြည်း Kyat = ကြတ် ကြပ်
Kyan = ကြန် ကြန့် ကြန်း ၊ ကြမ် ကြမ့် ကြမ်း K (Kyant) = ကြန့် ကြမ့် Kyai, (Key) = ကြယ် ကြယ့်
#ဗျည်းနှင့်သရအသတ်ပေါင်းပုံနမူနာ
Keik = ကိတ် ၊ ကိပ် Kein = ကိန် ကိန့် ကိန်း , ကိမ် ကိမ့် ကိမ်း Keint = ကိန့် ကိမ်
KoK , (Koke) = ကုတ် ကုပ် Kon , (Kone , Kohn ) = ကုန် ကုန့်ကုန်း ၊ ကုမ် ကုမ့် ကုမ်း
Kont = ကုန့် , ကုမ့် Kauk = ကောက် Kaung = ကောင် ကောင့် ကောင်း
Kaik= ကိုက် Kaing , ( Kine ) = ကိုင် ကိုင့် ကိုင်း Ko ,( Koe ) =ကို ကို့ ကိုး Kyeik = ကြိတ် ကြိပ် Kyein = ကြိန် ကြိန့် ကြိန်း, ကြိမ် ကြိမ့် ကြိမ်း ၊ (Kyeint =ကြိန့် ကြိမ့်)၊
Kyok , (Kyoke)= ကြုတ်၊ ကြုပ် Kyon , (Kyone , Kyohn) = ကြုန် ကြုန့် ကြုန်း , ကြုမ် ကြုမ့်ကြုမ်း
(Kyont= ကြုန့် ကြုမ်) ၊ Kyaik= ကြိုက် ၊ Kyaing (Kyine) = ကြိုင် ကြိုင့် ကြိုင်း ၊ Kyo ( Kyoe ) = ကြို ကြို့ ကြိုး ။
မှတ်ရန် ။ ။
(က)ချ၊ ခြ ကို Khy ဖြင့်မရေးရ၊ Ch ဖြင့်ရေးရမည်။
(ခ)ယှ၊ ရှ ကို Hy, hr ဖြင့်မရေးရ၊ Sh ဖြင့်ရေးရမည်။
(ဂ) ၀ဆွဲ နသတ် အတွက် un ကိုသုံးရမည်။ “ထွန်း” ကို Tun ဟုရေးရမည်။ Twan ဟုမရေးရ။
(ဃ) ၀ဆွဲတသတ်ကို ut ဖြင့်ရေးရမည်။ “ထွတ်” ကို Kut ဟုရေးရမည်။ Twat ဟုမရေးရ။
(င) ထ = Ht အစား T တစ်လုံးတည်းဖြင့်လည်းရေးကြသည်။ ဖ= Ph အစား P တစ်လုံးတည်းဖြင့် လည်းရေးကြသည်။ ဥပမာ - မောင်ထင် = Mg Tin ။ ဦးဖေ = U Pe စသည်ဖြင့်ရေးသားကြသည်။ ခ = Kh အစား K တစ်လုံး တည်း ရေးသားကြသည်။ ဥပမာ - Ma Kin =မခင်။
#အထူးမှတ်ရန်
မြန်မာဘာသာတွင် စာရေး အမှန် ၊ စာဖတ်အသံဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံမှန်အောင်ရေး၍ဖတ်သောအခါ အသံကို အများဖတ်နေကျအသံအတိုင်း ဖတ်ကြရသည်။
ဥပမာ။ ။
ညောင်လေးပင် ကို ညောင်လေးဘင်ဟုဖတ်၏။
ရေကျော် ကို ရေဂျော် ဟုဖတ်၏။
မန္တလေး ကို မန်းဒလေး ဟုဖတ်၏။
ကြားတောရလမ်းကို ဂျားတောရလမ်းဟုဖတ်၏။
သို့ရာတွင် အထက်ပါနာမည်များကို အင်္ဂလိပ်ဘာ သာဖြင့်ရေးသားသောအခါ သတ်ပုံအမှန်ကိုမကြည့်ဘဲ အသံထွက်အတိုင်း (ဝါ) ဖတ်သည့် ပြောသည့် အသံအတိုင်း လိုက်၍ရေးရကြောင်း အထူးသတိပြုရပေမည်။
ဥပမာ။ ။
ညောင်လေးပင် = Nyaunglebin
ရေဂျော် = Yegyaw
မန္တလေး = Mandalay
ကြားတောရလမ်း = Gyatawya Street
စသည်ဖြင့်သတ်ပုံမလိုက်ဘဲအသံကိုလိုက်၍ရေးရလေသည်။
မြန်မာနာမည်ရေးနည်း
#အထွေထွေဗဟုသုတ
၁။ မြန်မာလူနာမည်များကိုရေးရာ၌အသံထွက် စာလုံးတိုင်းကို Capital Letter ခေါ် စာလုံးကြီးဖြင့်စ၍ရေးရမည်။စာလုံးပေါင်းတစ်ခုနှင့်တစ်ခု ဆက်မရေးရ။
ပုံစံ။ ။Maung Thaung Lwin=မောင်သောင်းလွင်
Ma Tin Yee = မတင်ရီ
U Aye Maung = ဦးအေးမောင်
Daw Mya Kyi = ဒေါ်မြကြည်
Khin Soe Myint = ခင်စိုးမြင့်
Ma Than Hlaing = မသန်းလှိုင်
၂။ ဘုန်းကြီး သီလရှင်တို့ ဘွဲ့နာမည်များတွင်ရှေ့ဆုံး အက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍
တစ်ဆက်တည်း စာလုံးပေါင်းရမည်။(လူကဲ့သို့ တစ်လုံးချင်းမရေးရ ၊ မှားတတ်သည်။)
ပုံစံ။ ။Ashin Thumana =အရှင်သုမန
U Khemeinda = ဦးခေမိန္ဒ
ဆရာတော် ဦးဉာဏ ။ (Ven U Nyana ကို Venerable - ဗင်း- န်ရ်ဘဲလ် ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသောအားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။
U Khemeinda = ဦးခေမိန္ဒ
Shin Thawbana = ရှင်သောဘဏ
Koyin Zawana = ကိုရင်ဇ၀န
Daw Thilasari = ဒေါ်သီလစာရီ
Ma Nyanawadi = မဉာဏ၀တီ
Ma Kinsana = မကဉ္စန
Ma Kulawadi = မကုလ၀တီ
Daw Nyanasagi = ဒေါ်ဉာဏစာဂီ
၃။ ရာထူးအလုပ်အကိုင်တို့ကို နာမည်ရှေ့ကထည့်၍ ခေါ်ဝေါ်ရေးသာသောအခါ ၄င်းရာထူးအလုပ်အကိုင်၏ အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံး ကြီးဖြင့်ရေးရ၍တဆက်တည်းစာလုံးပေါင်းရသည်။
ပုံစံ။ ။ ဆရာမ = Sayama
Ma Tin Yee = မတင်ရီ
Sayagyi U Hein Zay Yar = ဆရာကြီးဦးဟိန်းဇေယျာ
Saya U San Lin = ဆရာဦးဆန်းလင်း
Bogyoke Aung San = ဗိုလ်ချုပ်အောင်ဆန်း
Yebaw Kyaw Win = ရဲဘော်ကျော်၀င်း
Sayadaw U Zawtika = ဆရာတော်ဦးဇောတိက
Phongyi U Khemeinda = ဘုန်းကြီးဦးခေမိန္ဒ
Ubazin U Nyana = ဦးပဉ္စင်းဦးဉာဏ
Koyin Shin Kethara = ကိုရင်ရှင်ကေသရ
Sayagyi Daw Thilasri = ဆရာကြီးဒေါ်သီလစာရီ
Syalay Daw Nyanawadi = ဆရာလေးဒေါ်ဉာဏ၀တီ
၄။မြို့ ရွာ လမ်း အဆောက်အအုံ၏ အမည်များတွင် အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး ၍ တဆက်တည်းစာလုံးပေါင်းရသည်။အသံထွက်အတိုင်းစာလုံးပေါင်းရသည်။
ပုံစံ။ ။Pyuntaza = ပြွန်တန်ဆာ
Nyaunglebin = ညောင်လေးပင်
Bago = ပဲခူး
Yedashe = ရေတာရှည်
Kanyutkwin = ကညွတ်ကွင်း
Mandalay = မန္တလေး
Seikpyangyi Village = ဆိတ်ပြန်ကြီးရွာ
Lay- ein Zu Village = လေးအိမ်စုရွာ
Ngabyema Village = ငါးပွမေရွာ
Payangazu Street = ဘုရားငါးဆူလမ်း
Theinpyu Street = သိမ်ဖြူလမ်း
Gyatawya Street = ကြားတောရလမ်း
Shwedagon Pagoda = ရွှေတိဂုံဘုရား
Crd#:-Hein Zay Yar













Comments
Post a Comment